သတိပေးချက်။
- မည်သူမဆို ခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် ရည်ရွယ်၍ မမှန်မကန် သတင်းပို့ခြင်း၊ တိုင်တန်းခြင်း ပြုလုပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။
- အကယ်၍ e-Complaint စနစ်ဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရပါက accm@accm.gov.mm သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
တိုင်ကြားစာပုံစံ ဖြည့်သွင်းခြင်း
ဤတိုင်ကြားစာပုံစံသည် နစ်နာသူက အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားနိုင်ပါသည်။ မိမိ တိုင်ကြားခဲ့သော တိုင်ကြားစာ ၏ အနှစ်ချုပ်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။
ဖြစ်နိုင်ပါက၊တိုင်ကြားသူအနေဖြင့် တိုင်ကြားစာတွင် အောက်ပါ အချက်အလက်များအား ထည့်သွင်းသင့်ပါသည်။
- မည်သည့်နေရာ၊ မည်သည့် အချိန်တွင် အဂတိ လိုက်စား မှုက မည်သို့ ဖြစ်ပွားခဲ့သည်။
- မည်သူပါဝင်ခဲ့သည်။
- ၎င်းကို မည်သည့်အတွက်ကြောင့် အဂတိလိုက်စားမှု ဟု ယူဆသည်။
တိုင်ကြားစာပေးပို့ရန် အခြားနည်းများ
၁။ လူကိုယ်တိုင်လာရောက်တိုင်တန်းခြင်း
ရုံးဖွင့်ချိန်တနင်္လာနေ့မှ သောကြာနေ့ထိ (တရားဝင်ရုံးပိတ်ရက်များ မပါ)
မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ
၂။ စာတိုက်မှပေးပို့ရမည့် လိပ်စာ
ဥက္ကဋ္ဌအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊
ရုံးအမှတ် (၅၆)၊ ဇေယျဌာနီလမ်း၊
ဉတ္တရသီရိမြို့နယ်၊ နေပြည်တော်။
ပထမ အသုံးပြုသူ
ဆက်လက်ဆောင်ရွက်ရန်တိုင်ကြားစာအပေါ် ကော်မရှင်၏ ဆောင်ရွက်ပုံ
အဆင့်(၁)
- တိုင်ကြားစာအား လက်ခံခြင်း။အဆင့်(၂)
- ရရှိသည့် တိုင်ကြားစာအား တိုင်ကြားစာ စိစစ်သုံးသပ်ရေးကော်မတီသို့ စိစစ်နိုင်ရန်ပေးပို့ခြင်း။အဆင့်(၃)
- သတင်းအချက်အလက် ထပ်မံလိုအပ်ပါက တိုင်ကြားသူအား အကြောင်းကြား အသိပေးခြင်း။အသုံးပြုဖူးသူ
- ယခင်က တင်သွင်းခဲ့ဖူးသော တိုင်ကြားစာ အနှစ်ချုပ်အား ပြန်ကြည့်ရန်။ - အဆိုပါတိုင်ကြားစာတွင် အသေးစိတ် ထပ်မံ ထည့်သွင်းရန်။ - အခြားတိုင်ကြားစာ ပေးပို့ရန်။