အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

  • Fri, 2 June 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃)  သင်တန်းဆင်းပွဲကျင်းပ


နေပြည်တော်၊ ဇွန် ၂ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

    သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က သင်တန်းဆင်း အမှာစကားပြောကြားရာ၌ ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားလာစေရန်အတွက် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းတွင် ရုံးလုပ်ငန်းနှင့်ပတ်သက်သည့် အခြေခံသဘောတရားများ၊ လုပ်ငန်းခွင်နှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များကို သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်ကြားပို့ချမှုများကို အလေးအနက်ထား မှတ်သားလိုက်နာပြီး အတုယူလိုက်နာဆောင်ရွက်သင့်သည့်အချက်များကို လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပညာရပ်တစ်ခုကို လေ့လာရာတွင် သင်တန်း ကာလအတွင်း တာဝန်ကျေသင်ယူလေ့လာခြင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင်တတ်သိလိုစိတ်ဖြင့် ကြိုးစားလေ့လာကြရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် ကိုယ်ရည်ကိုယ်သွေးမြင့်မား၍ ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်အတွက် နှစ်စဉ်ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းများ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာမွမ်းမံသင်တန်းများကို ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့်ဝန်ထမ်းများအနေဖြင့် အမြဲသွက်လက်တက်ကြွပြီး ထက်မြက်နေရန်အတွက် စဉ်ဆက်မပြတ် ကြိုးစားလေ့လာနေရန်လိုအပ် ကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံကောင်းများကြောင့် အရည်အချင်းနှင့် အရည်အသွေးများ ယခင်ကထက်ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် Capacity Building Training များကို ဆက်လက်ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်လည်း ကော်မရှင်ကျင့်ဝတ်နှင့်အညီ ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ကော်မရှင်၏ အဓိကတာဝန်မှာ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်စေရေးဖြစ်သည့်အတွက် ကောင်းမွန်သည့်အရွေ့တစ်ခုဖြစ်ပေါ်စေရေး လုံ့လဝီရိယထား ကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ ရရှိခဲ့ကြသည့် သင်တန်းသူ(၃)ဦးအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

ဆက်စပ် သတင်းများ