PFP Web Portal တွင် User Level အလိုက် လက်တွေ့လေ့ကျင့်မှု အစီအစဉ်ဆောင်ရွက်

  • Wed, 10 May 2023

နေပြည်တော်၊ မေလ ၁၀ 

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင် အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ယင်းအဖွဲ့များ၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ်(၆)ရပ်၏ ဆဋ္ဌမမြောက်အချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ ပြည်သူသို့ ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111" အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public. Feedback Programme-PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

၂။     ယင်းသို့ဆောင်ရွက်ရာတွင် ကော်မရှင်အနေဖြင့် Basic Service Center များပြားသည့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အများပြည်သူထံမှတုံ့ပြန်မှု ရယူခြင်းအစီအစဉ် (Public Feedback Programme-PFP)ကို အောက်ခြေမြို့နယ်အဆင့်အထိ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် PFP Web Portal တွင် User Level အလိုက် လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း(၁၆)ခုမှ စုစုပေါင်းဝန်ထမ်း(၁၃၁၀)ဦးဖြင့် လက်တွေ့လေ့ကျင့်မှုများကို Online Platform မှတစ်ဆင့် ဆောင်ရွက်ခဲ့ပါသည်။

၃။     PFP Web Portal တွင် User Level အလိုက် လက်တွေ့လေ့ကျင့်မှုများကို ၂၀၂၃ခုနှစ်၊ မေလ ၄ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း(၁၆)ခုမှ ဝန်ထမ်းများ နှင့် Online Platform မှတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ