၂၀၂၂ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင်က “အများ ပြည်သူဆိုင်ရာဝန်ဆောင်နှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများ၏ ပြီးပြည့်စုံသော ဖြောင့်မတ်တည် ကြည်မှုအဆင့် (ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ သဘောထားအမြင် + ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အားထုတ်မှု- အဂတိလိုက်စားမှု ဖြစ်ရပ်မှန်များ)သည် အမြင့်ဆုံးစံချိန်တင်ခဲ့ပါကြောင်း”အသိပေး ကြေညာချက် ၂၀၂၂ ခုနှစ် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ပြီးပြည့်စုံသော ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အကဲဖြတ်ဆန်းစစ်မှုရလဒ်ကို ယခုထုတ်ပြန်လိုက်ပါသည်

  • Thu, 26 January 2023

        အသစ်ပြန်လည်ပြုလုပ်သော ၂၀၂၂ ခုနှစ် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ပြီးပြည့်စုံသော ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အကဲဖြတ်ဆန်းစစ်မှု ရလဒ်သည် ဖြောင့်မတ်တည် ကြည်မှု အကဲဖြတ်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ကနဦးအကဲဖြတ်မှု နှစ်ခုစလုံးကို အကျုံးဝင်သော ပြည်သူ့ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ၏ အမြင့်ဆုံးရမှတ် ၈၅.၇ မှတ်ရရှိပြီး နောက်တွင် အောက်ခြေအဆင့် ဒေသဆိုင်ရာအစိုးရများက (၇၆.၆) မှတ်၊ နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်များ (၇၅.၂) နှင့် အစိုးရဆေးရုံ (၇၅.၉) ရရှိပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (ACRC၊ ဥက္ကဋ္ဌ Jeon Hyun-Heui) ၂၀၂၂ ခုနှစ် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ပြီးပြည့်စုံသော ဖြောင့်မတ်တည် ကြည်မှုဆိုင်ရာ အကဲဖြတ်ဆန်းစစ်မှုရလဒ်နှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်များ၏ အဆင့်သတ် မှတ်ချက်များကို ဆိုးလ်ရှိ Government Complex-Seoul ၌ ဇန်နဝါရီလ ၂၆ ရက်နေံ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပါသည်။

        ACRC သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကနဦးအကဲဖြတ်မှုနှင့်အတူ လက်ရှိ ဖြောင့်မတ်တည် ကြည်မှုဆိုင်ရာ အကဲဖြတ်မှုကို ပေါင်းစပ်ခြင်းဖြင့် အကဲဖြတ်မှုစနစ်ကို ပြန်လည်ရေး သားပြုစုပြီး နောက် ၂၀၂၂ ခုနှစ်မှ စတင်ကာ အသစ်ပြန်လည်ပြင်ဆင်ထားသည့် ဖြောင့်မတ်တည် ကြည်မှုဆိုင်ရာ အကဲဖြတ်ခြင်းစနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။

ပြီးခဲ့သောတစ်နှစ်အတွင်း ACRC သည် အကဲဖြတ်ခြင်း၏ရလဒ်များကို ပေါင်းစပ်ခြင်းဖြင့် အမျိုးအစား ၁၅ မျိုး၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းပေါင်း ၅၆၉ ခုတွင် ပြန်လည်ပြင်ဆင်ထား သော CIA ကို အကဲဖြတ်ခြင်းရလဒ်- ဖြောင့်မတ်တည်ကြည်မှု သဘောထားအမြင်* ကို တိုင်ကြားသူ များနှင့် ဌာနတွင်းအဖွဲ့ဝင်များ၏ပြင်ပတာဝန်များနှင့် ဌာနတွင်းလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စစ်တမ်း မှ တိုင်းတာခြင်း၊ အစိုးရအဖွဲ့အစည်းတစ်ခုစီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စွမ်းဆောင်မှုများနှင့် အောင်မြင်မှုများအပေါ် အခြေခံ၍ ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အကဲဖြတ်ခြင်း နှင့် အဂတိလိုက် စားမှု ဖြစ်ရပ်မှန်များကို စာရင်းဇယားများဖြင့် တိုင်းတာခြင်း တို့ဖြစ်ပါသည်။

အများပြည်သူဆိုင်ရာအဖွဲ့အစည်းများရှိ ပြည်သူ့ဝန်ထမ်းများနှင့်ကိုယ်တိုင်ထိတွေ့ ဆက် ဆံဖူးသည့် နိုင်ငံသား ၁၆၀,ဝဝဝ ခန့်နှင့် အများပြည်သူဆိုင်ရာအဖွဲ့အစည်းများရှိ ဌာနတွင်းမှ အဖွဲ့ဝင် ၆၅,ဝဝဝ ခန့် အပါအဝင် စုစုပေါင်း လူဦးရေ ၂၂၅,ဝဝဝ သည် ဖြောင့်မတ်တည် ကြည်မှုဆိုင်ရာ သဘောထားအမြင် စစ်တမ်းကို ဖြေကြားခဲ့ပါသည်။

အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတစ်ခုစီ၏ ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ရမှတ်များကို ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ သဘောထားအမြင်နှင့်ကြိုးစားအားထုတ်မှုအဆင့်အတွက် ရမှတ်များ ကို တွက်ချက်ပြီး ၆၀:၄၀ ဖြင့် အဂတိလိုက်စားမှုဖြစ်ရပ်မှန်များအတွက် နောက်ဆက်တွဲရမှတ်ကို နုတ်ယူ ပါသည်။


Source ==> Anti-Corruption and Civil Rights Commission (Korea)

ဆက်စပ် သတင်းများ