"လူငယ်များ၏ ၆၄.၇% က လူတစ်ဦး၏ အကျိုးအမြတ်အတွက် လျော်ကန်သင့်မြတ်မှုမရှိသည့် တောင်းဆိုမှုများကို လုံးဝလက်မခံနိုင်ပါ" အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (ACRC) ACRC သည် အလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း (၉၇) ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၉၂၅) ဦး အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒများ ချမှတ်ရာတွင် ရလဒ်များကို အသုံးချကာ အနာဂတ် မျိုးဆက်သစ်များ၏ သဘောထားအမြင်များ တိုးတက်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ သဘောထားအမြင် စစ်တမ်းကို ကောက်ယူခဲ့

  • Thu, 5 January 2023

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့

နိုင်ငံအတွင်း အလယ်တန်းနှင့်အထက်တန်းကျောင်းသား/ကျောင်းသူ (၁၉၂၅) ဦး ပါဝင် ဖြေဆိုထားသော စစ်တမ်းတစ်ခု၏ ရလဒ်တွင် လူတစ်ဦးတစ်ယောက်၏ အကျိုးအမြတ်အတွက် လျော်ကန်သင့်မြတ်မှု မရှိသည့် တောင်းဆိုမှုများအပေါ် ကျောင်းသား (၆၄.၇%) က လုံးဝလက်မခံနိုင် ကြောင်း ၎င်းတို့၏ ခံယူချက်သဘောထားအမြင်ကို တွေ့ရှိခဲ့ရပါသည်။

ထို့အပြင် ကျောင်းသားအများစုက ဖြောင့်မတ်တည်ကြည်မှု ပိုမိုတိုးတက်လာစေရန်အတွက် တိကျသေချာစွာ စုံစမ်းထောက်လှမ်းခြင်းနှင့်ပြစ်ဒဏ်ပေးခြင်းများ လိုအပ်ကြောင်းဖြေကြားခဲ့ပါသည်။

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (ACRC၊ ဥက္ကဋ္ဌ Jeon Hyun-Heui) က အနာဂတ်မျိုးဆက်များ၏ သဘောထားအမြင်များကို ထင်ဟပ်စေသော အဂတိ လိုက်စားမှုတိုက်ဖျက်ရေးမူဝါဒများချမှတ်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းပေါင်း (၉၇) ကျောင်းမှ ကျောင်းသား (၁၉၂၅) ဦးအား ဖြောင့်မတ်တည်ကြည်မှုနှင့်စပ်လျဉ်း၍ ၎င်းတို့၏ သဘောထားအမြင်ကို စစ်တမ်းကောက်ယူခဲ့ပါသည်။ ACRC အတွက် စစ်တမ်းကို သဘောထားအမြင်များအား သုတေသနပြုလုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Hyundai R&C က ယုံကြည်စိတ်ချရမှု အဆင့် ၉၅% တွင် အမှားခံနိုင်သည့်ပမာဏ အပေါင်း သို့မဟုတ် အနုတ် (၂.၆၂%) p ဖြင့် ဆောင်ရွက်ထားပါသည်။

ACRC သည် လူ့အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုနှင့် တရားမျှတမှုဆိုင်ရာ ယေဘုယျ အဆင့်တစ်ခုအပေါ် ကျွန်ုပ်တို့၏သဘောထားအမြင်များနှင့် မလျော်မကန်တောင်းဆိုမှုများ၊ ကိုယ်ရေး ကိုယ်တာဆက်နွှယ်မှုများကြောင့် အထူးအခွင့်အရေးကို ပေးအပ်မှု သို့မဟုတ် လက်ခံမှု စသည်ဖြင့် ကိုယ်စားလှယ်အချို့၏ အဂတိလိုက်စားသည့်ပုံစံများနှင့်စပ်လျဉ်း၍ ကျောင်းသားများအား မေးခွန်း များ မေးမြန်းခဲ့ပြီး လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ရရှိသော လျှို့ဝှက်သည့် အချက်အလက် များကို သီးသန့်အသုံးပြုခြင်းနှင့် ကျောင်းနေဘဝအတွင်း ကြုံတွေ့ရနိုင်သော အပြုအမူ အသေးစိတ် ကို ဥပမာများပေးခြင်းတို့ဖြင့် ၎င်းတို့၏ ထင်မြင်ချက်များကို စုဆောင်းခဲ့ပါသည်။

ပထမအချက်အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုနှင့် တရားမျှတမှုဆိုင်ရာ သဘော ထားအမြင်များကို မေးမြန်းသည့်မေးခွန်းများအတွက် ကျောင်းသား ၄၉.၈ ရာခိုင်နှုန်းက လူ့အဖွဲ့ အစည်းအတွင်း အဂတိလိုက်စားမှု (၂၀၂၀ တွင် ၆၁.၁ ရာခိုင်နှုန်း) နှင့် ၄၅.၃ ရာခိုင်နှုန်းက တရားမျှတမှုမရှိကြောင်း (၂၀၂၀ တွင် ၅၆.၇ ရာခိုင်နှုန်း) ဖြေဆိုခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် လူငယ်များ၏ သဘောထားအမြင်သည် များစွာ တိုးတက်လာပါသည်။

ဒုတိယအချက်အနေဖြင့် အဂတိလိုက်စားသောလုပ်ရပ်များအပေါ် သဘောထားအမြင်ကို မေးမြန်းသည့် မေးခွန်းနှင့်စပ်လျဉ်း၍ လူတစ်ဦး၏အကျိုးအမြတ်အတွက် မလျော်မကန်သောတောင်း ဆိုမှုများကို “လုံးဝလက်မခံနိုင်”ဟုဆိုသော ကျောင်းသား အချိုးအစားမှာ ၆၄.၇%၊ အခြေ အနေအရ လက်ခံ နိုင်ဖွယ် (၁၉.၉.%) နှင့် “မိမိလည်း ထိုကဲ့သို့ပြုလုပ်မည်ဟု ဖြေဆိုသူ (၄.၂%)” ရှိပါသည်။

ကျောင်းသားတစ်ဦးသည် အချိန်မရှိခြင်းကြောင့် အဖြေစာရွက်ပေါ်တွင် အမှတ်အသား မပြနိုင်သော စစ်တမ်းတွင် အကြံပြုထားသော စံနမူနာ ၁ ခု နှင့်စပ်လျဉ်း၍ သူ့အဖေက သူ/သူမနဲ့ နီးစပ်ရာ ဆရာမအား သူ့ကလေးကိုယ်စားအဖြေကို အမှတ်အသားပြုခိုင်းခဲ့ပါသည်။ “ငါ့အဖေ ဘယ်တော့မှ မလုပ်ဘူး” လို့ ပြောကြားသည့် ကလေးက (၄၇.၂ %) နှင့် “မိမိမှာအနည်းငယ် စိတ် အနှောင့်အယှက်ဖြစ်သော်လည်း ငါ့အဖေကို မမေးဘူးဟု ပြောကြားသူ (၃၆.၄%)” ၊ “မေးခွန်းတွေကို ဖြေရှင်းရန် အမှတ်အသားမပြနိုင်သည့် အထောက်အထားများရှိ၍ အဖေ့ကို မေတ္တာရပ်ခံခိုင်းမယ် ဟု ပြောကြားသူ  (၆.၁%)၊” “ဆရာမဆီသို့ လက်ဆောင်တစ်ခုဖြင့်အဖေနှင့် သွားလည်မယ်” စသည်ဖြင့် ပြောကြားသူ (၁.၈%)”၊ ကျောင်းသားများ၏ အမြင့်ဆုံးအချိုး (၈၃.၆%) က ၎င်းတို့သည် “မလျော်ကန် သော တောင်းဆိုမှုများ (ဘယ်တော့မှ မလုပ်ပါ + မမေးတော့ပါ)” ဟု  တုံ့ပြန်ဖြေကြားခဲ့ပါသည်။

          

ဒေသဆိုင်ရာစနစ်၊ ဆွေမျိုးတော်စပ်မှုနှင့် ကျောင်းတွင်းဆက်ဆံရေး စသည်တို့ကြောင့် လူအချို့အတွက် အခွင့်ထူးများပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူခဲ့ရာ ကျောင်းသား (၅၅.၃%) က “လုံးဝလက်မခံနိုင်ဘူး”၊  ကျောင်းသား (၃၀.၅%) က “အခြေအနေပေါ်မူတည်၍ လက်ခံ နိုင်သည်”နှင့် (၄.၇%) က “ကျွန်တော်လည်းထိုသို့ပြုလုပ်ပါမည်”ဟု ဖြေဆိုထားကြပါသည်။

ကျောင်းသားကောင်စီ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျောင်းသားများနောက်ကျခြင်းကို စစ်ဆေး ရာ သင့်အရင်းနှီးဆုံးသူငယ်ချင်းက အတန်းနောက်ကျနေသည်ကို သင်သတိပြုမိသည့်ကိစ္စရပ် (၂) ခု နှင့် စပ်လျဉ်း၍ စစ်တမ်းကောက်ယူရာတွင် ကျောင်းသား (၅၆%) က “မိမိ၏ သူငယ်ချင်းအား အခြား ကျောင်းသားများကို အပြစ်ပေးရန် မှတ်ချက်ပြုသည့်အတိုင်း အပြစ်ပေးရမည်ဖြစ်သည်” ဟု ဖြေကြားပြီး ကျောင်းသား (၂၅%) က "ငါ့သူငယ်ချင်းကို အပြစ်မပေးနိုင်" ဟု ဖြေကြားထားပါသည်။

       

ပုဂ္ဂလိကအကျိုးခံစားခွင့်များအတွက် တာဝန်များထမ်းဆောင်စဉ်အတွင်း ရရှိခဲ့သော လျှို့ဝှက် အချက်အလက်များကို အသုံးပြုခြင်းအပေါ် သဘောထားအမြင်များ မေးမြန်းခြင်းနှင့်စပ်လျဉ်း၍ “လုံးဝလက်မခံနိုင်” ဟုဆိုသော ကျောင်းသားများက (၅၀.၆%) နှင့် (၃၁.၄%) နှင့် (၆.၉%) တို့က "အခြေ အနေပေါ်မူတည်၍ လက်ခံနိုင်သည်" ဟူ၍လည်းကောင်း၊ “ငါလည်း ဒီလိုပဲ လုပ်မယ်” ဟု အသီးသီး ဖြေကြား ခဲ့ပါသည်။

ကျောင်းသားများအား ၎င်းတို့၏ ဆရာရုံးခန်းတွင် နောက်ဆုံးနှစ် စာမေးပွဲစာရွက်များ တွေ့ ပါက မည်သို့တုံ့ပြန်မည်ကိုမေးမြန်းရာတွင် ကျောင်းသားအများစု (၄၃.၈%) က “စာရွက်ကို မကြည့်ပါ”၊ ကျောင်းသား (၃၁.၅%) က “စာမေးပွဲစာရွက်တွေ ပေါက်ကြားနိုင်ခြေရှိတယ်လို့ ဆရာကို ပြောပြမယ်”၊ ကျောင်းသား (၁၁.၈%) က "စာရွက်တွေရဲ့ ထင်ရှားတဲ့အပိုင်းကို တစ်ချက်လောက် ခိုးကြည့်မယ်"၊ ကျောင်းသား (၃.၇%) က "စာမေးပွဲစာရွက်တွေကို ကျွန်ုပ်၏ဆဲလ်ဖုန်းကို လျှို့ဝှက်စွာအသုံးပြု၍ ဓာတ်ပုံရိုက်မယ်”၊ "ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် တာဝန်နှင့် သက်ဆိုင်သော လျှို့ဝှက် အချက်အလက်များကို ကျွန်ုပ်အသုံးမပြုပါ (ကျွန်ုပ်မကြည့်ပါ + ဆရာကိုပြောပြမည်)" ဟုတုံ့ပြန်သော ကျောင်းသားအချိုးအစားမှာ (၇၅.၃%) ရှိ၍ ဖြောင့်မတ်တည်ကြည်မှုရှိရန်ကိစ္စရပ်အပေါ် သိရှိသည့် အချိုးအစား မြင့်မားနေသည်ဟု ညွှန်ပြနေပါသည်။

         

တစ်ဖက်တွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်အတွက် အသိပညာမြှင့်တင်ရန် ကျွန်ုပ်တို့ အလိုအပ်ဆုံးအရာနှင့်စပ်လျဉ်း၍ လူငယ် (၄၃.၇%) က “တရားမ၀င်သောလုပ်ရပ်များကို တင်းကြပ်စွာ ထောက်လှမ်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းကို ရွေးချယ်ပြီး အရွယ်ရောက်ပြီးသူများမှ အစပြု၍ စံနမူနာ ယူခြင်းကို ရွေးချယ်သူ (၂၄.၉%) နှင့် “လူ့အဖွဲ့အစည်းတွင် အသိဥာဏ်ပျိုးထောင်ပေးခြင်းကို ရွေးချယ်သူ (၁၇. ၅%)” တို့တို ရှိပါသည်။

ACRC ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် Han Sam Seok က “ACRC သည် “လူငယ်၊ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်များအနေဖြင့် ဖြောင့်မတ်တည်ကြည် မှု၏ အရေးပါမှုကို သိရှိနိုင်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သင်တန်းများစသည်တို့ကို တက်တက်ကြွကြွဖြင့် တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်” ဟု ပြော ကြားပါသည်။


Source==> Anti-Corruption and Civil Rights Commission

ဆက်စပ် သတင်းများ