“အစိုးရဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် အကျိုးစီးပွားပဋိပက္ခတားဆီးကာကွယ်ရေးအက်ဥပဒေ သည် ၎င်းတို့၏ လုပ်ငန်းခွင်ဆိုင်ရာ မျှတမှုကို ကာကွယ်ပေးနိုင်သည်ဟု အစိုးရဝန်ထမ်း (၁၀)ဦးတွင် (၈) ဦးမှ ပြောကြားခဲ့”

  • Fri, 20 January 2023

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့

အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်ရေးအက်ဥပဒေ ထုတ်ပြန်ခြင်းအပေါ် ပြည်သူ (၁,၀၀၀)ဦးနှင့် အစိုးရဝန်ထမ်း (၂,၀၄၅)ဦးတို့၏ သဘောထားအမြင်များအပေါ် စစ်တမ်းကောက်ယူ မှုရလဒ်........

အစိုးရဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် CIPA သည် ၎င်းတို့၏ လုပ်ငန်းခွင်ဆိုင်ရာ မျှတမှုကို ကာကွယ်ပေးနိုင်သည်ဟု အစိုးရဝန်ထမ်း ၁၀ ဦးတွင် ၈ ဦးမှ ပြောကြားခဲ့ပါသည်။

ကိုရီးယာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (ACRC၊ ဥက္ကဋ္ဌ Jeon Hyun-Heui)သည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ၌ အက်ဥပဒေအပေါ် ပြည်သူ (၁,၀၀၀) ဦး နှင့် အစိုးရဝန်ထမ်း (၂,၀၄၅) ဦး သဘောထားအမြင်များကို စစ်တမ်းကောက်ယူခဲ့ပြီး ရလဒ်များကို ထုတ်ပြန်ခဲ့ပါသည်။

ပြည်သူများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်နေ့အထိ စစ်တမ်းကောက်ယူခဲ့ပြီး၊ အစိုးရဝန်ထမ်းများအား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့မှ ၂၇ရက်နေ့အထိ စစ်တမ်းကောက်ယူမှု ဆောင်ရွက်ခဲ့ပါသည်။

အက်ဥပဒေနှင့်စပ်လျဉ်းသည့် စစ်တမ်း၏ အဓိကအကြောင်းအရာများမှာ - ဖြေဆိုသူများ သည် အက်ဥပဒေနှင့် ၎င်းတို့၏ အသိပညာပေးနည်းလမ်းများ၊ အက်ဥပဒေ၏ ထိရောက်မှုအပေါ် ခံယူချက်၊ အစိုးရဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံနှုန်း ၁၀ ချက်သည် အက်ဥပဒေနှင့်အညီ လိုက်နာသင့် ကြောင်းနှင့် ထိုသို့လိုက်နာမှုသက်ရောက်မှုကြောင့် အက်ဥပဒေကို မည်မျှထောက်ခံပါကြောင်းတို့ ပါဝင်ပါသည် ။

အက်ဥပဒေအား စိတ်ဝင်စားမှုနှင့် အသိပညာပေး နည်းလမ်းများ

ပြည်သူများ၏ ၈၄.၂% နှင့်အစိုးရဝန်ထမ်း ၉၇.၄% တို့သည် အက်ဥပဒေကို သတိပြုမိကြ ကြောင်း (ကောင်းစွာသိသည် + ကြားဖူးသည်) ကို တွေ့ရှိခဲ့ပါသည်။

Awareness of the Act (unit: %)

    အက်ဥပဒေကို သိပါသည်ဟု ဖြေဆိုသူများ၏ ၇၁.၇% သည် တီဗီ သို့မဟုတ် ရေဒီယိုမှ တစ်ဆင့် အက်ဥပဒေကို သိမြင်နားလည်လာသည်ဟု ဖြေကြားခဲ့ပြီး အချို့က အင်တာနက်၊ အွန်လိုင်း မီဒီယာ၊ သတင်းစာနှင့် မဂ္ဂဇင်းကဲ့သို့သော ပုံနှိပ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ရှိလူများမှ ပြောဆိုခြင်းဖြင့် သိရှိကြပါသည်ဟု ဖြေဆိုကြပါသည်။


အက်ဥပဒေ၏ အကျိုးသက်ရောက်မှုအပေါ် သဘောထားအမြင်များ

    ပြည်သူများ၏ ၆၈.၄% သည် အစိုးရဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများ ကိုထမ်းဆောင်ရာတွင် တရားမျှတမှုကို အကာအကွယ်ပေးရာတွင် အက်ဥပဒေသည် အကျိုးသက်ရောက်မှုရှိသည်ဟု (များစွာထိရောက်မှု+ အနည်းငယ်ထိရောက်မှု)ဖြေဆိုခဲ့ပါသည်။

    အစိုးရဝန်ထမ်းများတွင် ဖြေဆိုသူ ၈၂.၅% က အက်ဥပဒေသည် အစိုးရဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် အကျိုး စီးပွားပဋိပက္ခများကို တားဆီးရာတွင် ထိရောက်မှုရှိပြီး ပြည်သူ့ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အဖွဲ့အစည်းများသည် (၈၉.၀%)၊ ဗဟိုအုပ်ချုပ်ရေး အေဂျင်စီများသည် (၇၉.၁%) သို့မဟုတ် ဒေသန္တရအစိုးရများသည် (၇၈.၄%) ဖြင့် အပြုသဘောဆောင်သော အဖြေများဖြေဆိုကြပါသည်။ 

Effectiveness of the Act (unit: %)


    အက်ဥပဒေသည် အကျိုးသက်ရောက်မှုမရှိပါ ဖြေဆိုသူများတွင် “အစိုးရဝန်ထမ်းများသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို မျှတစွာ ဆောင်ရွက်မှုမရှိကြောင်းနှင့် ၎င်းသည်အလေ့အ ကျင့်သဖွယ်ဖြစ်ပွားနေပါကြောင်း’ ဟု ဖြေကြားသူသည် ၄၄ % နှုန်းနှင့် “ အစိုးရဝန်ထမ်းများသည် အက်ဥပဒေကို မသိရှိပါ”ဟု ဖြေဆိုသူ ၄၉% ရှိပါသည်။

အက်ဥပဒေအရ အစိုးရဝန်ထမ်းများ လိုက်နာရမည့် တာဝန်ဝတ္တရား (၁၀) ရပ်

    စစ်တမ်းအရ အစိုးရဝန်ထမ်း အက်ဥပဒေနှင့်အညီ အစီရင်ခံတင်ပြခြင်းနှင့် တင်သွင်းခြင်း ဆိုင်ရာ တာဝန် (၅) ရပ်သည် သင့်လျော်ပါသည်ဟု ဖြေကြားခဲ့ပြီး အစိုးရဝန်ထမ်းများစွာက တာဝန် (၅) ရပ်ကို "ပိုမိုခိုင်မာစေသင့်သည်" ဟု ပြောကြားဖြေဆိုခဲ့ပါသည်။

Appropriateness of Duties of Report/Submission of s (unit: %)


    အက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်နှင့်တားမြစ်ချက် (၅) ချက်သည် သင့်လျော်မှု ရှိ/ မရှိ မေးမြန်းသည့်မေးခွန်းအတွက် ဖြေဆိုသူဦးရေ အများဆုံးသည် အဆိုပါပြဋ္ဌာန်း ချက် (၅) ခုလုံးအတွက် “သင့်လျော်သည်” ဟူသောအဖြေကို ရွေးချယ်ခဲ့ပါသည်။

    အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းမိသားစုဝင်များနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပုဂ္ဂလိကကုန်ပစ္စည်းများ အသုံးပြုခြင်းအတွက် တားမြစ်ချက်များနှင့် အစိုးရဝန်ထမ်းများသည် ၎င်းတို့တာဝန်များကို ထမ်ဆောင်ခြင်းမှ သိရှိရသည့် လျိုဝှက်သတင်းအချက်အလက်များကို အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ အား “ပိုမို ခိုင်မာအားကောင်းသင့်သည်”ဟု ဖြေဆိုသူအရေအတွက်မှာလည်း များစွာရှိခဲ့ပါသည်။

Appropriateness of Provisions of Restriction and Prohibition (unit: %)

    ထို့အပြင် အစိုးရဝန်ထမ်းများသည် အစီရင်ခံစာတင်ပြခြင်းနှင့် ကန့်သတ်တားမြစ်ထားသော ပြဋ္ဌာန်းချက်များပါဝင်သည့် အစိုးရဝန်ထမ်းများအတွက် ကျင့်ဝတ်စံနှုန်း (၁၀) ချက်သည် အစိုးရဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာအကျိုးအမြတ်ကိုရယူခြင်းမှ တားဆီးရာတွင် ထိရောက်မှုရှိပါသည်” ဟု တုံ့ပြန်ဖြေကြားခဲ့ပါသည်။

အက်ဥပဒေကို ထောက်ခံသည့် ဖြေဆိုသူအချိုးအစား

    ၈၇.၈% သော ပြည်သူများနှင့် ၉၁.၅% သော အစိုးရဝန်ထမ်းများသည် “အက်ဥပဒေကို ထောက်ခံအားပေးပါသည် (အလွန်ထောက်ခံသည် + ထောက်ခံသည်)” ဟု တုံ့ပြန်ဖြေဆိုခဲ့ပါသည်။

    အစိုးရရုံးဌာနများတွင် အကျိုးစီးပွားပဋိပက္ခကို တားဆီးကာကွယ်နိုင်ရန်အတွက် ကိုယ် ကျိုးစီးပွားအကျိုးအမြတ်ရှာဖွေသည့် အစိုးရဝန်ထမ်းများကို ပြင်းထန်စွာအပြစ်ပေးသင့်သည်ဟု ဖြေကြားသူ ပြည်သူရာခိုင်နှုန်းမှာ(၄၉%)ဖြစ်ပြီး အစိုးရအဖွဲ့အစည်း၏ အကြီးအကဲနှင့် အဆင့်မြင့် အရာရှိများမှ ချမှတ်ထားသည့် စံနမူနာများနှင့် အပြုအမူများသည် အဓိကအရေးကြီးပါသည်ဟု ဖြေကြားသူ အစိုးရဝန်ထမ်းရာခိုင်နှုန်မှာ(၃၈.၆%) ဖြစ်ပါသည်။

Proportion of Respondents Supporting the Act (unit: %)

    ACRC ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို ညွှန်ကြားရေးမှူးချုပ်က “စစ်တမ်းရလဒ်အရ အက်ဥပဒေကို စတင်အကောင်အထည်ဖော်သည့် အဆင့်တွင် ရှိနေသော်လည်း ပြည်သူများနှင့် အစိုးရဝန်ထမ်း အများအပြားသည် အက်ဥပဒေကို ကောင်းစွာသိရှိကြပြီး အစိုးရဝန်ထမ်း ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် တရားမျှတမှုကို ထိန်းသိမ်းရန်နှင့် အစိုးရရုံးဌာနများတွင် အကျိုးစီးပွားပဋိပက္ခများကို အောင်မြင်စွာ တားဆီးကာကွယ်နိုင်ရန်အတွက် ACRC သည် အစိုးရအဖွဲ့အစည်းများကို တက်ကြွစွာ ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး အသိပညာပေးအစီအစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


Source==> Anti-Corruption and Civil Rights Commission(ACRC)

ဆက်စပ် သတင်းများ