နည်းပညာဆိုင်ရာအကူအညီအတွက် ဒိန်းမတ်နိုင်ငံနှင့် LOI လက်မှတ်ရေးထိုးခြင်း
- Wed, 30 October 2019
နေပြည်တော် အောက်တိုဘာလ ၃၀ ရက်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. Mr. John Nielsen သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်တမ်း၊ စောင့်ကြည့်ရေးနှင့် အခြားသော စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် 30-10-2019 ရက်နေ့တွင် နေပြည်တော် Hilton Hotel ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။