အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှုအစီအစဉ်များဆောင်ရွက်
- Tue, 21 February 2023
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁ ရက်
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၇)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ် (၂၀) တို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ” ဘာသာရပ်အား သင်ကြားပို့ချခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅၃ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ရက်သတ္တပတ် (၈)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်မြတ်ဆုသင်းနှင့် ဦးစီးအရာရှိ၊ ဦးကိုကိုလှိုင်တို့သည် မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၌ ဖွင့်လှစ်သည့် မီးသတ်စခန်းမှူးသင်တန်းအမှတ်စဉ်(၂၁)တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဘာသာရပ်အား သွားရောက် သင်ကြားပို့ချခဲ့ကြပါသည်။