အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edu-tainment) အစီအစဉ်များ ကျင်းပ
- Fri, 27 January 2023
နေပြည်တော်၊ ဇန်နဝါရီလ (၂၇) ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက် လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်း၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၁၅) ဦးတို့ကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edu- tainment) အစီအစဉ်ပါ အကြောင်းအရာများကို ဖော်ပြဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။