အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှု အစီအစဉ်များ ဆောင်ရွက်

  • Tue, 24 January 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှု အစီအစဉ်များ ဆောင်ရွက်


နေပြည်တော်၊ ဇန်နဝါရီလ (၂၄) ရက်

         အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ၂၄-၁-၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) အား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခဲ့ရာ သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌဦးသန်းဆွေက ယခုသင်တန်းသည် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် CPU အဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ PFP အစီအစဉ်ကိုဆောင်ရွက်ရန်  နည်းပညာပိုင်းဆိုင်ရာ သင်တန်းပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကြောင့် အရေးယူခံရပါက ရာထူး၊ ဂုဏ်သိက္ခာ၊ မိသားစုများပါ ထိခိုက်နိုင်သည့်အတွက် CPU အဖွဲ့များအနေဖြင့် ထိန်းကျောင်းပေးနိုင်ကြောင်း၊ ကျင့်ဝတ် (Code of Conduct) များကို သိရှိပါက မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က ဝန်ထမ်းများမှာ အစိုးရနှင့် ပြည်သူကြားတွင် ပေါင်းကူးတံတားဖြစ်ပြီး အစိုးရ၏ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူကယုံကြည်မှု၊ ကျေနပ်မှုရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုရယူသူ ပြည်သူများ၏ တုံ့ပြန်ပြောကြားမှုကိုသိရှိပြီး မိမိဌာနရှိဝန်ထမ်းများကို ထိန်းကျောင်းတည့်မတ်သွားနိုင်ရန်အတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက်  နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံး လုပ်နည်း (Standing Operating Procedure - SOP) ၊ လုပ်ငန်းလမ်းညွှန် (Terms of Reference - TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA) ၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

    ၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ အလုပ်သမားဝန်ကြီးဌာနမှဖွင့်လှစ်သည့် အရာထမ်းများ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃)၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများ ဆွေးနွေးခဲ့ကြောင်းနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်အရ လမ်းမတော်မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာများကို  အသိပညာပေးဆွေးနွေးပို့ချခဲ့ပါသည်။


ဆက်စပ် သတင်းများ