အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edu-tainment) အစီအစဉ်များကျင်းပ

  • Fri, 13 January 2023

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edu-tainment) အစီအစဉ်များကျင်းပ


နေပြည်တော်၊ ဇန်နဝါရီလ (၁၃) ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက် လိုစိတ်ရှိသည့်လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း) အဆင့်များမှ စတင်၍ အသိပညာပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၃) ရက်နေ့တွင် တောင်ကြီးမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်း ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၄၈) ဦးတို့ကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edu- tainment) အစီအစဉ်ပါအကြောင်းအရာများကို ဖော်ပြဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ