အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကျင်းပ
- Mon, 9 January 2023
နေပြည်တော် ၊ ဇန်နဝါရီလ (၉) ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညှိနှိုင်းချက်အရ ၉-၁-၂၀၂၃ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုဘဏ်မှ အဆင့်မြင့်အရာရှိများ၊ ဝန်ထမ်းများတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက အဖွင့်စကားပြောကြားခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး (၂) ဦးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ဝန်ထမ်းများမှလည်း သိရှိလိုသည်များ မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ယနေ့ဇန်နဝါရီလ ၉ ရက်နေ့၌ပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း အခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ)တွင်လည်းဆောင်ရွက်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး (၂) ဦးက အသိပညာပေး ဆွေးနွေးခဲ့ပါသည်။