အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

  • Wed, 28 December 2022

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ


နေပြည်တော်၊ ဒီဇင်ဘာလ  ၂၈   ရက်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ၂၈-၁၂-၂၀၂၂ ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU) အား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်း ပို့ချခဲ့ရာ CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure-SOP)၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA)၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ခြင်း နည်းပညာသင်တန်းပို့ချ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် အများပြည်သူတို့၏ပူးပေါင်းပါဝင်မှုကို ပိုမို မြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းနှင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (PFP) ကို အသုံးပြုခြင်းဖြင့် အသေးစားအဂတိလိုက်စားမှု (Petty Corruption) ကို တိုက်ဖျက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ