အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

  • Wed, 21 December 2022

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ


နေပြည်တော်၊ ဒီဇင်ဘာလ  ၂၁   ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၁-၁၂-၂၀၂၂ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit-CPU) အား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခဲ့ရာ CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure-SOP)၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA)၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် အများပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် သင်တန်းသားများအားလည်း သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်စေရေး တည်ဆောက်ရာတွင် မိမိတို့နှင့်ပတ်သက်သည့် အခန်းကဏ္ဍမှ တက်ကြွစွာတာဝန်ယူဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သင်တန်းသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနအသီးသီးမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး CPU အဖွဲ့ဝင်( ၆၀ ) ဦး တက်ရောက်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ