အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အစီအစဉ်များ ကျင်းပ

  • Tue, 6 December 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အစီအစဉ်များ ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာလ (၆) ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကို ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက်  ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့တွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edu-tainment) အစီအစဉ်ပါ အကြောင်းအရာများကို ဖော်ပြဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကျောင်းတွင် မူလတန်း၊ အလယ်တန်း၊ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးတက်ရောက်ခဲ့ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှကော်မရှင်အဖွဲ့ဝင်ဒေါက်တာထွန်းထွန်းဦးနှင့် ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ လိုက်ပါကြီးကြပ်စစ်ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ