အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီး
- Wed, 23 November 2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ၂၂-၁၁-၂၀၂၂ ရက်နေ့တွင်တက်ရောက်ခဲ့ပြီး ASEAN-PAC နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU)လက်မှတ်ရေးထိုးခဲ့ခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding -MoU) ကို လက်မှတ်ရေးထိုးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit-ACU) ဥက္ကဋ္ဌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
၂၃-၁၁-၂၀၂၂ ရက်နေ့တွင် အစည်းအဝေးဆက်လက်ကျင်းပခဲ့ရာ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့နှင့် အာဆီယံဒေသတွင်း နိုင်ငံများ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် ခိုင်မာအားကောင်းလာစေရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများ၊ ကောင်းမွန်သည့် အလေ့အထများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
ပိတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit-ACU) ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။