လူငယ်လူကောင်းတို့၏အရေးပါမှု
- Tue, 4 January 2022
လူငယ်တို့သည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်ကောင်းများဖြစ်သည်။ လူငယ်ဆိုသည်မှာ အနာဂတ်တွင် တိုင်းပြည်တိုးတက်စေရန်အတွက် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီပေးနိုင်သည့် လွန်စွာအရေးပါသောစွမ်းအားရှိသည့် ငယ်ရွယ်နုပျိုသော နိုင်ငံ့သားကောင်း ရတနာများ ဖြစ်သည်။ မိမိကိုယ်တိုင် လူငယ်လူကောင်းဖြစ်စေရန်အတွက် အရေးကြီးဆုံးမှာ လူ့ကျင့်ဝတ် သိက္ခာရှိသောသူ/ ဖြောင့်မတ်တည်ကြည်မှုရှိသောသူဖြစ်ရန် လိုအပ်သည်။ လူ့ဘဝ တွင် မိမိအကျိုး၊ သူတစ်ပါးအကျိုးကို ဆောင်ရွက်ရာတွင် လူ့ကျင့်ဝတ်နှင့် လျော်ညီစွာ အတွေးကောင်း၊ အပြုအမူကောင်းဖြင့် ပေးအပ်ခံရသော တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ပတ်ဝန်းကျင်ရှိ လူအများ၏ ချစ်ခင်မှုကို ရရှိမည်ဖြစ်သည်။
လူငယ်များအား လူငယ်လူကောင်းများ ဖြစ်စေရန် အကျင့်ကောင်းများ မွေးမြူပေးပြီးသော အခါ အများအကျိုးအတွက် နောက်ထပ်အရေးကြီးသောအရာမှာ အနာဂတ်၏ နိုင်ငံ့သားကောင်း များ ဖြစ်လာစေရန်ပင် ဖြစ်သည်။ နိုင်ငံတွင် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတို့သည် လူ့အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ သဘောတူညီချက်၊ ဉပဒေတို့ကို လိုက်နာရမည် ဖြစ်သည်။ မိမိအတွက် သတ်မှတ်ပေးထားသော တာဝန်ဝတ္တရားများကို ဒီမိုကရေစီနည်းလမ်းအတိုင်း လုပ်ဆောင်ပြီး လူ့အဖွဲ့အစည်းနှင့်အတူတကွ စုပေါင်းနေထိုင်ခြင်း ကို လက်ခံလျှင် လူ့အဖွဲ့အစည်းသည် ငြိမ်းချမ်းသာယာလိမ့်မည်။
ထို့ကြောင့် လူ့အဖွဲ့အစည်းတွင် လူငယ်လူကောင်းများ ရှိပြီးသောအခါ အနာဂါတ်နိုင်ငံ့ သားကောင်းများ ပေါ်ထွန်းလာစေရန် အရေးကြီးပါသည်။ နိုင်ငံ့သားကောင်းများရှိမှသာလျှင် တိုင်းပြည်သည်လည်း တိုးတက်ဖွံ့ဖြိုးသော ခြေလှမ်းများဖြင့် လျင်မြန်စွာ လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။
(ကိုးကား - ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်း ဆရာကိုင်စာအုပ်)