နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “Breaking the Culture of Corruption’’ ခေါင်းစဉ်ဖြင့် Online ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခြင်း
- Tue, 15 December 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ်အဖြစ် အဂတိလိုက်စားမှု တိုက်ဖျက် ရေးနှင့် တားဆီးကာကွယ်ရေးအတွက် ပြည်သူလူထု၏
ဆောင်ရွက်နိုင်မှုများကို အများပြည်သူသို့ အသိပညာပေးရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ
ကြိုးပမ်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်၍ “Breaking the Culture of Corruption” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့
၁၅:၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင်
အမေရိကန်သံရုံးမှ ဦးအောင်ပြည့်အောင် က Moderator အဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်၊ ပွင့်လင်းမြင်သာလူထုလှုပ်ရှားမှုအဖွဲ့မှ
ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းနှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ
စီမံကိန်းနှင့်ဆက်သွယ်ရေးအရာရှိ ဒေါ်ဖြူဖြူဇင်တို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင်
အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနှင့် သတင်းမီဒီယာကဏ္ဍများမှ မည်သို့ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း
ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန် က အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်၏အကြောင်း၊ တာဝန်နှင့် လုပ်ဆောင်ချက်များ၊ အဖြစ်များသော အဂတိလိုက်စားမှုများနှင့်
ထိုအမှုများ လျော့ကျရေးအတွက် ကော်မရှင်၏ တားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေးဆိုင်ရာ
ကြိုးစားအားထုတ်မှုများနှင့် ကော်မရှင်၏ ရှေ့အနာဂတ်တွင် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍
ဆွေးနွေးခဲ့ပါသည်။