ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ အမေရိကန်သံရုံးမှ First Secretary ဖြစ်သူ Mr. Ryan McKean ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ
- Wed, 11 March 2020
နေပြည်တော်၊ မတ်လ ၁၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အတွင်းရေးမှူးဦးစန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ Law
Enforcement and Security Unit Chief and First Secretary ဖြစ်သူ Mr.
Ryan McKean ဦးဆောင်သောအဖွဲ့အား ကော်မရှင်ရုံး ဧည့်ခန်းမတွင် ယနေ့ နေ့လည်
(၁၄:၃၀) နာရီအချိန်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးရေး ကိစ္စရပ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။