အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၀)ဖွင့်လှစ်
- Mon, 10 February 2020
နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၀
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊
အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို နေပြည်တော်
ကော်မရှင်ရုံး စုပေါင်းခန်းမတွင် ၁၀-၂-၂၀၂၀ ရက်နေ့ နံနက် ၀၉:၃၀ နာရီ၌
ပြုလုပ်ရာ အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့်
ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ
ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊
ကော်မရှင်ရုံး ဦးစီးဌာနများမှ အရာထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ
(၁၃၅) ဦး တက်ရောက်သည်။ သင်တန်းဖွင့်ပွဲတွင် အတွင်းရေးမှူးက
သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းသို့ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်လိုသူများအား
အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ဖြေဆိုခြင်း၊ လူတွေ့စစ်ဆေးခြင်း၊
ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်းနှင့် စိတ်အခြေအနေ စစ်ဆေးခြင်းများတွင်
ဖြေဆိုအောင်မြင်သည့် ဒုတိယစုံစမ်းရေးမှူး (၂၅)ဦး၊ လက်ထောက်စုံစမ်းရေးမှူး
(၃၀)ဦး နှင့် ဒုတိယလက်ထောက်ဦးစီးမှူး (၈၀)ဦး၊ စုစုပေါင်း(၁၃၅)ဦး
တက်ရောက်ကြပါသည်။ သင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊
အခြားဆက်စပ်ဥပဒေများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention
Against Corruption-UNCAC)နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊
အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲအကြောင်းတို့ကို
ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်
ကော်မရှင်ရုံးတို့မှ သင်တန်းနည်းပြများက ရက်သတ္တ (၄) ပတ်ကြာ
ပို့ချသွားမည်ဖြစ်ပါသည်။
အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ပြောကြားခဲ့သော အမှာစကား အပြည့်အစုံအား ဖတ်ရှုနိုင်ပါရန် ပူးတွဲလျက် ဖော်ပြအပ်ပါသည်။