မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစန်းဝင်း ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၈)ကြိမ်မြောက် (UNCAC) စာချုပ်ဝင် နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်

  • Fri, 20 December 2019

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစန်းဝင်း ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၈)ကြိမ်မြောက် (UNCAC) စာချုပ်ဝင် နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်


၂၀၁၉ ခုနှစ် ဒီဇင်ဘာ    ၂၀     ရက်


United Nations Convention Against Corruption (UNCAC) စာချုပ်ဝင်နိုင်ငံများ၏ (၈)ကြိမ်မြောက် အစည်းအဝေးကို (၁၆-၁၂-၂၀၁၉)ရက်နေ့မှ (၂၀-၁၂-၂၀၁၉)ရက်နေ့အထိ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့ Abu Dhabi National Exhibition  Center (ADNEC) တွင် ကျင်းပပြုလုပ်ခဲ့ရာ  ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCAC) စာချုပ်ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

 

အစည်းအဝေးတွင် ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက  မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေမူဘောင်ဖွံဖြိုးတိုးတက်ရေးနှင့်  ကော်မရှင်၏ လုပ်ငန်းများဖြစ်သည့်  တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာဆောင်ရွက်မှုများ၊ အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူ ကို အကာအကွယ်ပေးရေး ဥပဒေကြမ်းရေးဆွဲဆောင်ရွက်ထားရှိမှုအပါအဝင် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။

 

(၈)ကြိမ်မြောက်  United Nations Convention Against Corruption (UNCAC) စာချုပ်ဝင် နိုင်ငံများ အစည်းအဝေးသို့ စာချုပ်ဝင်နိုင်ငံ(၁၅၆)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်(၁၃၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြပါသည်။

 

အဆိုပါ အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံအသီးသီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက် များ၊ သဘောထားအမြင်များ၊ နိုင်ငံအလိုက်ကောင်းမွန်သည့် ကျင့်သုံးဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခွင့် ရရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ