အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်မှုသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

  • Fri, 22 June 2018

အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်မှုသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်


    ၂၂-၆-၂၀၁၈ ရက်နေ့ (၀၉၀၀)အချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်မှု သင်တန်းဆင်းပွဲ ပြုလုပ်ရာ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဦးစန်းဝင်းတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကော်မရှင် အတွင်းရေးမှူးက သင်တန်းနည်းပြ PEAK International Learning Center မှ ဒေါ်ပိုပိုသိမ့်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

    အဆိုပါသင်တန်းကို ၇-၅-၂၀၁၈ ရက်နေ့မှ ၂၁-၆-၂၀၁၈ ရက်နေ့အထိ ကော်မရှင်ရုံးတွင် ရုံးချိန်ပြင်ပ၌ ဖွင့်လှစ်ခဲ့ပြီး ကော်မရှင်ရုံး မှ သင်တန်းသား/သူ ၂၂ ဦးတက်ရောက်ခဲ့သည်။ွေးပြီး (၁၂၀၀)အချိန်တွင် အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ဆက်စပ် သတင်းများ