Risk Assessment and Public Procurement အလုပ်ရုံဆွေးနွေးပွဲပြီးဆုံး
- Fri, 22 June 2018
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) တို့ ပူးပေါင်းဖွင့်လှစ်သည့် Risk Assessment and Public Procurement အလုပ်ရုံဆွေးနွေးပွဲ တတိယမြောက်နေ့အဖြစ် ၂၂-၆-၂၀၁၈ ရက်နေ့ (၀၉၀၀)အချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် ပြုလုပ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် UNODC မှ ကျွမ်းကျင်သူများဖြစ်ကြသည့် Mr. Constantine Miltchev Palicarsky နှင့် Ms. Cornelia Anna Kortl တို့က ဦးဆောင်ပြီး အစိုးရကဏ္ဍ ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းစဉ်တွင် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုများအား ရွေးချယ်ဖော်ထုတ် ဖြေရှင်းသည့် နည်းလမ်းများကို ဆွေးနွေးပြီး (၁၂၀၀)အချိန်တွင် အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။