အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ MATA အဖွဲ့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
- Wed, 11 July 2018
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability -MATA) မှ တာဝန်ရှိသူများအား ၁၁-၇-၂၀၁၈ ရက်နေ့ (၁၃၀၀) အချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် Extractive Industries Transparency Initiative (EITI) အဖွဲ့က ၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သော တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်မှုဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်အစီရင်ခံစာတွင် ဖော်ပြထားသည့် တွေ့ရှိချက်များအား MATA မှ တာဝန်ရှိသူများက တင်ပြခဲ့သည်။
တွေ့ဆုံပွဲသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်မြတ်မြတ်စိုး၊ ဒေါ်လဲ့လဲ့သွင် နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး MATA မှ ညှိနှိုင်းရေးမှူး ဦးရဲလင်းမြင့်၊ ရန်ကုန်တိုင်း တာဝန်ခံ ဒေါ်သိန္နီဦး၊ သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းတို့ တက်ရောက်ခဲ့သည်။