အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဂျာမနီနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

  • Tue, 7 August 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဂျာမနီနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ဂျာမနီနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel နှင့်အဖွဲ့အား ၆-၈-၂၀၁၈ ရက်နေ့ ၁၄:ဝ၀ နာရီအချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ ပညာပေးရေးတို့နှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သတင်းပေးတိုင်ကြားသူများ အား အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါ်မြတ်မြတ်စိုးတို့ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ