အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်မြို့ နယူးဇီလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Steve Marshall နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

  • Fri, 10 August 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်မြို့ နယူးဇီလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Steve Marshall နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ရန်ကုန်မြို့ နယူးဇီလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Steve Marshall နှင့် အဖွဲ့အား ၁၀-၈-၂၀၁၈ ရက်နေ့၊ နံနက်(၁၀:ဝ၀)နာရီအချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ဧည့်ခန်းမတွင်လက်ခံတွေ့ဆုံခဲ့ပါသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အစိုးရဌာနများတွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (CPU) ဖွဲ့စည်းနိုင်ရန် ဆွေးနွေးနေမှုများ၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများတွင် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် (Code of Conduct) များ ရေးသားရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ