အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်၍ ရန်ကုန်မြို့၊ ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ H.E Mr. Lee Sang-hwa နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

  • Thu, 23 August 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်၍ ရန်ကုန်မြို့၊ ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ H.E Mr. Lee Sang-hwa နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


    မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Lee Sang-hwa နှင့် အဖွဲ့အား ယနေ့နံနက် ၁၀:ဝ၀ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

    တွေ့ဆုံစဉ် အဂတိလိုက်စားမှု တားဆီးကာကွယ်တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များ၊ Corruption Prevention Unit ဖွဲ့စည်းရေးကိစ္စများ၊ Corruption Risk Assessment (CRA) နှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးနှင့် သင်တန်းပေးရေးကိစ္စများ စသည်တို့ကို ဆွေးနွေး ခဲ့ကြပါသည်။

     တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းတို့ တက်ရောက်ခဲ့ကြ ပါသည်။

ဆက်စပ် သတင်းများ