အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်၍ ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေး ဌာန(Government Inspectorate of Vietnam -GIV)မှ ဒုတိယအကြီးအကဲ H.E. Mr.Dang Cong Huan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

  • Wed, 17 October 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်၍ ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေး ဌာန(Government Inspectorate of Vietnam -GIV)မှ ဒုတိယအကြီးအကဲ H.E. Mr.Dang Cong Huan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာလ(၁၇)


မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေး ဌာနမှ ဒုတိယအကြီးအကဲ H.E. Mr. Dang Cong Huan ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Ms Luan Thuy Duong တို့အား ယနေ့နံနက် ၁၀:ဝ၀ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်(၃)ရပ်ဖြင့် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါ်မြတ်မြတ်စိုးတို့ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ