သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်း(ယခုလ/ထညွှန်မှူး လင်းခေးခရိုင်ထွေ/အုပ်ဦးစီးဌာန) ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးဦးထွန်းသာလှ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လ/ထဦးစီးမှူးဦးခင်ဇော်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ

  • Thu, 24 January 2019

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့နေ နစ်နာသူတို့က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်ရှိ အုတ်လုပ်ငန်းရှင်များထံမှ အုတ်ထုတ်လုပ်မှုအတွက် ငွေများ ကောက်ယူပြီး လိုင်စင်ထုတ်မပေးဘဲ ကိုယ်ကျိုးရယူသုံးစွဲနေသည့် သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဓါတ်သတ္တုထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ရန်အတွက် မြေစာရင်းပုံစံ(၁၀၅)/(၁၀၆) ရရှိရေး ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်သည် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော ငွေကျပ် ၆၅၀၀၀ဝိ/- ကို လက်ခံရယူခဲ့ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်းသည် မြေနီလုပ်ငန်းရှင်ထံမှ ငွေကျပ် ၃၇ သိန်းကို လက်ခံရယူခဲ့ခြင်းနှင့် ၂၀၁၇-၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ဓါတ်သတ္တုခွန်အဖြစ် ဥပဒေ နှင့်အညီ ရထိုက်ခွင့်မရှိသော ငွေကျပ် ၂၂၄၄၀၀ဝိ/-ကိုရယူခဲ့ခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှသည် ၂၀၁၇-၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များ ထံမှ ကောက်ခံရရှိငွေများအနက် ငွေကျပ်(၈)သိန်းနှင့် ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်းကောက်ခံရာမှ ရရှိ ငွေကျပ် (၄)သိန်းတို့အား ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စား ကြခြင်းဖြစ်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးခင်ဇော်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ သဲကုန်းမြို့မ ရဲစခန်းတွင် ၂၄-၁-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ