မြန်မာ့ကုန်သွယ်စီးပွားပွဲတော်(၂၀၁၈) တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြခန်းပြသမည်

  • Sat, 27 October 2018

နေပြည်တော်၊ အောက်တိုဘာလ(၂၇)

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊အမှတ်(၃၇)၊ အင်းလျားလိတ်ဟိုတယ်ဝင်းရှိ Yangon Convention Centre ၌ မြန်မာနိုင်ငံစာရင်းကောင်စီက ဦးဆောင်၍ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်း (မြန်မာနိုင်ငံ)တို့ ပူးပေါင်းကျင်းပသော မြန်မာ့ကုန်သွယ်စီးပွားပွဲတော်(၂၀၁၈) ပြပွဲကို ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ (၁)ရက်နှင့်(၂)ရက် နံနက်(၀၉:၀၀)နာရီမှစ၍ (စနေနေ့နှင့်တနင်္ဂနွေနေ့) များတွင် ကျင်းပမည်ဖြစ်ပါသည်။

    အဆိုပါ ပွဲတော်ကျင်းပမည့် နေ့ရက်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန်အတွက် အသိပညာပေးပြခန်း(၁)ခန်း ပါဝင်ပြသသွားမည် ဖြစ်ပါသည်။

         

ဆက်စပ် သတင်းများ