လာဘ်ပေးလာဘ်ယူမှု ကာကွယ်တားဆီးရေးဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ

  • Mon, 3 September 2018

 နေပြည်တော်၊ စက်တင်ဘာလ ၃ ရက်  

    ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် လာဘ်ပေးလာဘ်ယူမှု ကာကွယ်တားဆီးရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဆွေ တို့ တက်ရောက်ခဲ့ပါသည်။

    အဆိုပါဒေသတွင်း ဆွေးနွေးပွဲသို့ အရှေ့တောင်အာရှ ဒေသတွင်းရှိ ဥပဒေပြုအဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိကြီးများနှင့် ဥပဒေပညာရှင်များ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်များနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင်စုစုပေါင်းကိုယ်စားလှယ်(၁၅၀)ဦးခန့် တက်ရောက် ခဲ့ပါသည်။

    ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းအားဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ အုပ်ချုပ်ရေး ကဏ္ဍများ တိုးတက်ကောင်းမွန်လာစေသည့် အလေ့အကျင့်ကောင်းများ၊ အများပြည်သူဆိုင်ရာ အရာရှိများ၏ လာဘ်ပေးလာဘ်ယူမှုများကို ကာကွယ်တားဆီးရန်အတွက် လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာလုံး ဆိုင်ရာနှင့် ဒေသဆိုင်ရာ ဥပဒေပြုရေး တိုးတက်လာမှုများ၊ အာဏာသက်ရောက်မှုရှိရေး အလားအလာများ၊ စုပေါင်း ဆောင်ရွက်ချက်များနှင့် အခြားဆောင်ရွက်နေသည့် နည်းလမ်းများကို ဆွေးနွေးနိုင်သည့်အပြင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအခြေအနေများ၊ ဒေသတွင်းနိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ၊ လာဘ်ပေး လာဘ်ယူမှု ကာကွယ်တားဆီးရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ပညာပေး အစီအစဉ် များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိခဲ့ရပါသည်။

 

 

ဆက်စပ် သတင်းများ