အင်ဒိုနီးရှားနိုင်ငံ (KPK) မှ ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု
- Mon, 6 August 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့အား အင်ဒိုနီးရှားနိုင်ငံ (KPK) မှ ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၆-၈-၂၀၁၈ ရက်နေ့(၁၀:၀၀)နာရီမှ (၁၀:၃၀) နာရီထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ တားဆီးကာကွယ်ရေး၊ စုံစမ်း စစ်ဆေးရေး၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ ပညာပေးရေးလုပ်ငန်းများတွင် အပြန်အလှန် အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။