Westminster Foundation for Democracy (WFD) မှ အထက်တန်း အကြံပေး ပုဂ္ဂိုလ် Mr. Franklin De Vrieze နှင့် အဖွဲ့အားလက်ခံတွေ့ဆုံဆွေးနွေးမှု

  • Fri, 24 August 2018

 Westminster Foundation for Democracy (WFD) မှ အထက်တန်း အကြံပေး ပုဂ္ဂိုလ် Mr. Franklin De Vrieze နှင့် အဖွဲ့အားလက်ခံတွေ့ဆုံဆွေးနွေးမှု


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် Westminster Foundation for Democracy (WFD) မှ အထက်တန်း အကြံပေး ပုဂ္ဂိုလ် Mr. Franklin De Vrieze နှင့် အဖွဲ့အား ၂၄-၈-၂၀၁၈ ရက်နေ့ (၁၀:၀၀) နာရီမှ (၁၀:၄၅)နာရီထိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ တွင်ကမ္ဘာ့နိုင်ငံများစွာ၌ လွတ်လပ်သော စောင့်ကြည့် ထိန်းကျောင်းရေး အင်စတီကျူရှင်းများ (Independent Oversight Institutions) တွင် တစ်ခုအပါအဝင်ဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီများ၏ အခန်းကဏ္ဍများ၊ လုပ်ပိုင်ခွင့်များ၊ ကောင်းမွန် သော အုပ်ချုပ်ရေး စနစ်ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သည် အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့်လည်းကောင်း၊ နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အစည်းများ နှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါ သည်။

ဆက်စပ် သတင်းများ