အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ မှ အင်ဒိုနီးရှားနိုင်ငံ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (KPK) ဒုတိယ ဥက္ကဋ္ဌ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

  • Tue, 7 August 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ မှ အင်ဒိုနီးရှားနိုင်ငံ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (KPK) ဒုတိယ ဥက္ကဋ္ဌ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း


နေပြည်တော်၊ သြဂုတ်လ (၆)

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် အင်ဒိုနီးရှား နိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Corruption Eradication Commission-KPK)   ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif နှင့်အဖွဲ့အား ယနေ့နံနက် ၁၀:၀၀ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် အဂတိလိုက်စားမှုများ နှင့်ပတ်သက်၍ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေး၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ ပညာပေးရေးလုပ်ငန်းများတွင် အပြန်အလှန်အကူအညီပေးရေးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ KPK ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် အတွင်းရေးမှူး ဦးဆောင်သော အဖွဲ့ဝင်များ၊ ရုံးအဖွဲ့များနှင့် စုပေါင်းခန်းမတွင် ၁၂:၀၀ နာရီထိ တွေ့ဆုံ၍ ကော်မရှင်က မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သမိုင်းကြောင်း၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြော ကြားခဲ့ပြီး၊ KPK ဒုတိယဥက္ကဋ္ဌ မှလည်း KPK ၏ အမှုစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ တားဆီးကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ အမြင်ခြင်း ဖလှယ်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ