မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း(EuroCham Myanmar) မှ Deputy Director Mr. Marc de la Fouchardiere ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု

  • Wed, 25 July 2018

 မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း(EuroCham Myanmar) မှ Deputy Director Mr. Marc de la Fouchardiere  ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု


    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) မှ Deputy Director Mr. Marc de la Fouchardiere ဦးဆောင်သောအဖွဲ့ အား ၂၅-၇-၂၀၁၈ ရက်နေ့ (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်း အဝေးခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း၏ဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်များ၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ ကျင့်ဝတ်လိုက်နာရေး ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့် အချက်များကို အကြံပြု ဆွေးနွေးခဲ့ပါသည်။

 

 

ဆက်စပ် သတင်းများ