(၉) ကြိမ်မြောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကောင်အထည်ဖော်ဆောင်မှု သုံးသပ်ရေးအဖွဲ့၏ အစည်း အဝေးနှင့် (၁၂) ကြိမ်မြောက် ပိုင်ဆိုင်မှုများ ပြန်လည်ရယူရေးဆိုင်ရာ အစိုးရလုပ်ငန်းအဖွဲ့အစည်းအဝေး
- Tue, 10 July 2018
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ၄-၆-၂၀၁၈ ရက်နေ့မှ ၇-၆-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့သည့် (၉) ကြိမ်မြောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကောင်အထည်ဖော်ဆောင်မှု သုံးသပ်ရေးအဖွဲ့၏ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် ပိုင်ဆိုင်မှုများပြန်လည်ရယူရေးဆိုင်ရာ အစိုးရလုပ်ငန်းအဖွဲ့အစည်း အဝေးသို့မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင် နှင့်အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး (ဗီယင်နာ)မှ ဒုတိယအတွင်းဝန် ဒေါ်ဆုဝေဖိုးကျားနှင့် ဒေါ်မီမီလှိုင်းစံတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးများသို့ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၈) နိုင်ငံမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme – WFP)၊ကမ္ဘာ့ဘဏ် (World Bank–WB)၊ ပင်လယ်ကွေ့အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(Cooperation Council for the Arab State of the Gulf – GCC)၊ ဥရောပကောင်စီ၏ အဂတိလိုက်စားမှု ဆန့်ကျင်သည့်နိုင်ငံများအဖွဲ့ (Council of Europe’s Group of State Corruption – GRECO)၊ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးသင်တန်းကျောင်း (International Anti-corruption Academy – IACA)၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (International Criminal Police Organization)၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Organization for Economic Cooperation and Development – OECD)၊ ဥရောပဒေသလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Organization for Security and Cooperation in Europe – OSCE)၊ဒေသဆိုင်ရာ အဂတိ လိုက်စားမှု သင်တန်းကျောင်း (Regional Anti-corruption Academy – RAI) နှင့် Sovereign Military Order of Malta တို့မှ ကိုယ်စားလှယ် စုစုပေါင်း (၄၀၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ တင်ပြဆွေးနွေးခဲ့ကြသည့် အောင်မြင်မှုများ၊ ကောင်းမွန် သော အလေ့အထများ၊ အတွေ့အကြုံကောင်းများကို အခြေခံ၍ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက် ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို ပြည်တွင်းရှိ သက်ဆိုင်ရာဌာန အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။