အမေရိကန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် တွေ့ဆုံဆွေးနွေးမှု

  • Fri, 6 July 2018

 အမေရိကန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် တွေ့ဆုံဆွေးနွေးမှု


    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့အား အမေရိကန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၇-၆-၂၀၁၈ ရက်နေ့(၁၃:၀၀)နာရီမှ (၁၃:၄၅) နာရီထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တွေ့ဆုံ ဆွေးနွေးခန်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက် နေသည့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စုံစမ်းစစ်ဆေးရေးကိစ္စ၊ သတင်းပေးတိုင်ကြားသူကို အကာအကွယ်ပေးရေးကိစ္စ၊ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပြည်သူလူထု၏အမြင်စစ်တမ်းကောက်ယူ ရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ