တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Hong Liang နှင့် တွေ့ဆုံဆွေးနွေးမှု
- Fri, 6 July 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့ အား တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Hong Liang ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၆-၆-၂၀၁၈ ရက်နေ့ (၀၉:၀၀)နာရီမှ (၀၉:၅၀) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက် နေသည့် လုပ်ငန်း စီမံချက်များ၊ အခြေခံပညာအဆင့်မှစ၍ အဂတိလိုက်စားမှုတားဆီးကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဖျော်ဖြေရေး အစီအစဉ်ရေးဆွဲ ဆောင်ရွက်နေမှု၊ လူထုပညာပေး တီဗွီ ဇာတ်လမ်းတိုများ ရိုက်ကူးရန် စီစဉ်ဆောင်ရွက်နေမှု၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဆောင်ရွက်နေ သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ အောင်မြင်မှုများနှင့် တရုတ်- မြန်မာ နှစ်နိုင်ငံသည် ဘက်ပေါင်း စုံ၌ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထားရှိသဖြင့် အဆိုပါ မဟာဗျူဟာမူဘောင်အောက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ခေါင်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါသည်။