UNODC မှ Anti-Corruption and Law Enforcement International Expert Mr.Raghavan Kuppuswamy အား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Fri, 6 July 2018

        အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဦးဆောင်သောအဖွဲ့သည် UNODC မှ Anti-Corruption and Law Enforcement International Expert Mr.Raghavan Kuppuswamy အား ၂၇-၆-၂၀၁၈ ရက်နေ့ (၁၀:၀၀) နာရီ မှ (၁၁:၄၀) နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွက် Mentoring Plan၊ အဂတိလိုက်စားမှုကာကွယ်တားဆီးရေးအဖွဲ့ (CPU) ဖွဲ့စည်းရေးကိစ္စရပ်များနှင့် ဝန်ထမ်း များ အား သင်တန်းပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

 

 

ဆက်စပ် သတင်းများ