IMF Staff Visit Mission အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု
- Tue, 29 May 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း ဦးဆောင်သော အဖွဲ့အား အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့(IMF) ၏ 2018 IMF Staff Visit Mission မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Shanaka Jayanath Peiris ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၉-၅-၂၀၁၈ ရက်နေ့ (၁၁:၀၀)နာရီမှ (၁၂:၀၀) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်အတည်ပြုပြီးဖြစ်သည့် ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်နှင့် မကြာမီ အတည်ပြုထုတ်ပြန်တော့မည့် မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) ပါ အဂတိလိုက်စားမှု တားဆီးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စတုတ္တအကြိမ် ပြင်ဆင်ဆောင်ရွက်မှု၊ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၊ ကမ္ဘာ့ဘဏ် စသည့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းများတွင် လေ့လာဆန်းစစ်ချက်ပြုလုပ်မှုနှင့် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုတွင် လေလွင့်မှုမရှိစေရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပါသည်။