အသိပေးချက်
- Mon, 14 May 2018
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိ လိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် တိုင်ကြားစာများနှင့်ပတ်သက်၍ သတင်းအချက်အလက် များ ပြည့်စုံစွာရရှိစေရန်အတွက် ကြိုတင် စုံစမ်းမှု (၁၈)မှုကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်က စစ်ဆေးဆဲအမှုများကို လျှို့ဝှက်ထားရှိ ဆောင်ရွက်နေရပါသဖြင့် အမှုဖြစ်စဉ်များကို အသေးစိတ် မထုတ်ပြန်နိုင်သေးပါကြောင်း အသိပေးအပ်ပါသည်။