ပြန်ကြားရေးလုပ်ငန်းကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း

  • Wed, 4 April 2018

 ပြန်ကြားရေးလုပ်ငန်းကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်သော ပြန်ကြားရေးလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့် ၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်တို့ ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲအား ၃၁-၃-၂၀၁၈ ရက်၊ စနေနေ့ နံနက်(၁ဝ:ဝ၀)နာရီတွင် ကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲသို့ နေပြည်တော် အခြေစိုက် သတင်းမီဒီယာ(၂၈)ဌာန တက်ရောက်ခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင်များမှ စတုတ္ထအကြိမ် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနေခြင်း၊ တိုင်ကြားစာများကို မှတ်ပုံတင်စာအုပ်တွင် မှတ်ပုံတင်ပြီး တိုင်စာရောက်၊ မရောက် မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း၊ တိုင်ကြားလာမှုအပေါ် ကော်မရှင်မှ မည်သို့ဆောင်ရွက်ထားသည်ကို တိုင်ကြားသူတစ်ဦးချင်းထံသို့ မတ်လ(၁)ရက်နေ့မှစ၍ ပြန်လည်အကြောင်းပြန်ခြင်း၊ တိုင်ကြားစာ ရောက်ရှိမှု၊ ကော်မရှင်မှ စုံစမ်းစစ်ဆေးမှု နှင့် သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအရေးယူစေမှုနှင့် တိုင်ကြားစာအပေါ် အရေးယူဆောင်ရွက်မည့် အချက်(၁၁)ချက်တို့အား ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ