Code of Conduct ရေးဆွဲရန်အတွက် UNDP မှ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်
- Wed, 14 February 2018
၁၃-၂-၂၀၁၈ ရက်နေ့၊ နေ့လည်(၂)နာရီက ကော်မရှင်ရုံးမှာ ကော်မရှင်မှ တာ၀န်ရှိသူများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်( United Nations Development Programme-UNDP)မှ တာဝန် ရှိသူများနှင့် တွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့ရာ၊ အစည်းအဝေးသို့ ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဦးစိုးတင့်၊ ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများနှင့် UNDP မှ Chief Technical Advisor Mr. Christophoros Politis တို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဝန်ထမ်းများလိုက်နာရမည့် ကျင့်၀တ်သိက္ခာ ( Code of Conduct ) ကို ကော်မရှင်နှင့် UNDP တို့ ပူးပေါင်းရေးဆွဲခဲ့ကြပါသည်။