MCRB အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း

  • Thu, 8 February 2018

MCRB  အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း


၈-၂-၂၀၁၈ ရက်နေ့ မနက်(၁၀:၀၀)နာရီက ကော်မရှင်ရုံးမှာ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန  (Myanmar Center for Responsible Business-MCRB)မှ တာဝန်ရှိသူများကို ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးစန်းဝင်းနဲ့ ကော်မရှင် အဖွဲ့ဝင်များက လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲသို့ MCRB မှ ဒါရိုက်တာ Ms. Vicky Bowman နှင့် ဆက်ဆံရေးအရာရှိ ဒေါ်ဖြူဖြူဇင် ၊ ဆောက်လုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာရေးအဖွဲ့ (Construction Sector Transparency Initiative-CoST)မှ အမှုဆောင်ညွှန်ကြားရေးမှူး  Mr. Petter Matthews ၊ Department for International Development မြန်မာရုံးခွဲမှ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအကြံပေး Mr. Robbie Barkell တို့  တက်ရောက်ခဲ့သည်။

နှစ်ဖက်တွေ့ဆုံစဉ် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအနက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုများ ရှိစေရန်အတွက်  ဆောက်လုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာရေးအဖွဲ့မှ ဆောင်ရွက်မည့် အစီအမံများ နှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို  ဆွေးနွေးခဲ့ကြသည်။

ဆက်စပ် သတင်းများ