9th Regional Conference နှင့်22nd Steering Group Meeting of the ADB/OECD Anti-Corruption Initiative for Asia and the Pacific
- Wed, 7 February 2018
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Millennium Seoul Hilton ဟိုတယ်၌ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် 9th Regional Conference နှင့်22nd Steering Group Meeting of the ADB/OECD Anti-Corruption Initiative for Asia the Pacific သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင်နှင့် နိုင်ငံတော်သမ္မတရုံးမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦး တို့ပါဝင်တက်ရောက်ခဲ့ပါသည်။
ညီလာခံနှင့် အစည်းအဝေးသို့ အာရှပစိဖိတ်ဒေသမှ Initiative အဖွဲ့ဝင် (၃၁) နိုင်ငံမှ ကိုယ်စား လှယ် များ၊ အာရှပစိဖိတ်ဒေသမှ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများမှ လေ့လာသူအဖြစ် တက်ရောက်သည့် ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတတ်ရောက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ လမ်းပြမြေပုံ ပေါ်ထွက်လာရေးနှင့် အဂတိလိုက်စားမှု ကာကွယ်တားဆီး ရေးနှင့်တိုက်ဖျက်ရေးအတွက် အာရှပစိဖိတ်ဒေသရှိနိုင်ငံများ၏အတွေအကြုံများနှင့် အလေ့အကျင့် ကောင်း များကို လေ့လာနိုင်ခဲ့ပါသည်။