Identifying risks of economic crime and corruption in the fishery sector ဒေသဆိုင်ရာ ဆွေးနွေးပွဲ

  • Wed, 7 February 2018

Identifying risks of economic crime and corruption in the fishery sector ဒေသဆိုင်ရာ ဆွေးနွေးပွဲ


        ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ AMARI WATERGATE Hotel တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် Identifying risks of economic crime and corruption in the fishery sector ဒေသဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံတကာဆက်ဆံရေးဌာန၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှ ရဲမှူးကြီး နိုင်ရဲသူ ဦးဆောင်၍မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင့်ဝင့်ထွန်း တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

          ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ် ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ စုစုပေါင်း ကိုယ်စားလှယ် (၂၃) ဦး၊ နော်ဝေးနိုင်ငံမှ ကိုယ်စားလှယ်များ၊ Interpol ဆိုင်ရာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ UNODC မှ ဒေသဆိုင်ရာ ရုံးအဖွဲ့နှင့် ဖိတ်ကြားထားသည့် ကျွမ်းကျင်သူများ စုစုပေါင်း( ၃၄ ) ဦး တက်ရောက် ခဲ့ပါသည်။

          Identifying risks of economic crime and corruption in the fishery sector ဒေသ ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခြင်းအားဖြင့် အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းကဏ္ဍတွင်  စီးပွား ရေး မှုခင်းများ၊ နိုင်ငံတကာ ငါးဖမ်းလုပ်ငန်းဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အဂတိလိုက်စားမှုများ ၏ အန္တရာယ်များ၊ ငါးလုပ်ငန်းဆိုင်ရာလုံခြုံရေး  ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေ အနေများ၊ ပြည်တွင်း / ပြည်ပငါးခိုးဖမ်းမှုဆိုင်ရာ အခြေအနေများစသည့် အာဆီယံဒေသတွင်း ငါးဖမ်းလုပ်ငန်းဆိုင်ရာ အခြေအနေ များကို အသေးစိတ်သိရှိရသဖြင့် အကျိုးကျေး ဇူးများစွာ ရရှိပြီး အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ငါးဖမ်းလုပ်ငန်းကဏ္ဍတွင် ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် စီးပွားရေးမှုခင်းများနှင့် အဂတိလိုက် စားမှု ကျဆင်းပပျောက်ရေးအတွက် မဟာဗျူဟာဖော်ဆောင်မည့် UNODC အနေဖြင့် သတင်းအချက် အလက်များ စုစည်းသုံးသပ်နိုင်ခဲ့သဖြင့် မိမိတို့ မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း ပိုမိုအကျိုး ဖြစ်ထွန်း လာနိုင်မည် ဖြစ်ပါသည်။

ဆက်စပ် သတင်းများ