UNODC မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံဆွေးနွေးခြင်း
- Wed, 7 February 2018
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သောအဖွဲ့သည် UNODC မှ အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Jeremy Douglas ဦးဆောင်သည့် အဖွဲ့အား ၆.၁၂.၂၀၁၇ ရက်နေ့ ၀၉:၅၀ နာရီ မှ ၁၀:၃၀ နာရီထိ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
၂။ တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မရှင်အသစ်၏ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကို တွေ့ဆုံမိတ်ဆက်ခဲ့ပြီး UNODC ၏ 2018 Work Plan (၂၀၁၈ ခုနှစ် လုပ်ငန်းအစီအစဉ်မူကြမ်း) အပေါ် ဆွေးနွေးခဲ့ပါသည်။