အမေရိကန်နိုင်ငံ FBI မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု

  • Wed, 7 February 2018

၁။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော် ဦးဆောင်သော အဖွဲ့သည် FBI မှ Mr.Nathaniel V.T.Le ဦးဆောင်သော အဖွဲ့နှင့်အတူ နောင်ရိုးကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးစောမင်းခိုင် တို့အား ၁၄.၁၁.၂၀၁၇ ရက်နေ့ ၀၉:၃၀ နာရီမှ ၁၆:၃၀ နာရီထိ နှင့် ၁၅.၁၁.၂၀၁၇ ရက်နေ့ ၀၉:၃၀ နာရီ မှ ၁၁:၃၀ နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂။      တွေ့ဆုံဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ FBI ၏ နည်းပညာအကူအညီပေးရေး အစီအစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးဌာန အသီးသီး၏ Database Programme ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ