အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က UNDP မှ Country Director အား လက်ခံတွေ့ဆုံခြင်း
- Wed, 7 February 2018
နေပြည်တော် ဖေဖော်ဝါရီ ၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်မှုအစီအစဉ် (UNDP)မှ Country Director Mr. Peter Batchelor အား ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် UNDP Myanmar ၏ Workplan on Anti-Corruption and Integrity (2018-2022) နှင့် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၁) တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကော်မရှင်၏ ၂၀၁၈ လုပ်ငန်းအစီအစဉ်အရ ဥပဒေမူဘောင်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ကော်မရှင်ကျင့်ဝတ်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုးနှင့်ဒေါ်အေးအေးမူ တို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။