အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ပူးပေါင်း၍ ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးကျင်းပခြင်း

  • Tue, 16 January 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ပူးပေါင်း၍ ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးကျင်းပခြင်း


နေပြည်တော် ၊ ဇန်နဝါရီ ၁၅


                အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး(UNODC) တို့ပူးပေါင်း၍ ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အား ယနေ့နံနက်(၉;၃၀)နာရီတွင်  နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် နှင့်  UNODC မှ  Country Manager  Mr. Troels Vester တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရန်နှင့် အကောင်အထည်ဖော်ရန်၊ လုပ်ငန်းစဉ်ဆိုင်ရာ စီမံချက် ရေးဆွဲရန်၊ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးဌာန တည်ထောင်ရန်၊ နိုင်ငံတကာ၏ အဂတိ လိုက်စားမှု ကာကွယ်တားဆီးရေးအစီအမံများ သိရှိနိုင်ရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေ တို့ကို ပိုမိုခိုင်မာလာစေရန်နှင့် နိုင်ငံအတွက် သင့်လျော်သည့် ကာကွယ် တားဆီးရေး နည်းလမ်းများချမှတ်နိုင်ရန် တို့ဖြစ်ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ နှင့် ကော်မရှင်ရုံးမှ အရာထမ်းများ စုစုပေါင်း(၃၄)ဦး တက်ရောက်ခဲ့ပြီး ဇန်နဝါရီလ(၁၅)ရက်မှ (၁၇)ရက်နေ့ထိ(၃)ရက်ကြာ ဆွေးနွေးမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ